အခုနှစ်ရဲ့ပထမဦးဆုံးအိပ်မက်
ရီစရာတော့ဖြစ်နေမလားဘဲ။
မကြာခင် အခုနှစ်ကုန်တော့မယ်ဆိုကာမှ
အခုနှစ်အစ ပထမဦးဆုံးမက်ခဲ့တဲ့အိပ်မက်အကြောင်း
ပြောချင်လာမိတယ်။
ဘာရယ်မဟုတ်ပါဘူး
ထူးခြားတဲ့အိပ်မက်မို့ ပြောပြချင်တာပါ။
အခုနှစ်အစ
ပထမဦးဆုံးမက်တဲ့အိပ်မက်ထဲမှာ
ညာဖက်လက်ရဲ့ လက်သူကြွယ်က ကြည့်ရင်းကြည့်ရင်း
နှစ်ချောင်းကနေသုံးချောင်းပွားလာတယ်တဲ့။
ဘယ်ဖက်ကိုကြည့်လိုက်တော့လဲ
အဲဒီလိုဘဲ ပွားလာနေတယ်။
လေးချောင်းဖြစ်လာ ငါးချောင်းဖြစ်လာပြီး
နောက်ဆုံးမှာ ငှက်ပျောဖီးလို ပွားပြီးကားလာတယ်။
ဒါနဲ့ဘဲ ကြောက်လန့်ပြီး အိပ်မက်ကနေလန့်နိုးခဲ့ပါတယ်။
မကြာခင် အခုနှစ်ကုန်ပါတော့မယ်။
နောက်နှစ်အစမှာ ဘာများမက်ဦးမလဲ
